Duration 14:9

ကျန်ရစ်သူ မိသားစုဝင်တွေ ပြောပြတဲ့ ကနီစစ်ဘေးရှောင် ၁၅ ဦး သတ်ခံရတဲ့ဖြစ်စဥ် - BBC News မြန်မာ

255 449 watched
0
4.2 K
Published 23 Jul 2021

ကနီမြို့နယ်၊ ယင်းရွာနဲ့ကုန်းသာရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၉၊ ၁၀ ရက်က တောထဲမှာထွက်ပြေးပုန်းရှောင်နေတဲ့ စစ်ဘေးရှောင် ၁၅ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ခြင်းခံခဲ့ရပါတယ်။ အခုလို အသတ်ခံခဲ့ရသူတွေဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ (PDF) အဖွဲ့ဝင်တွေမဟုတ်ဘဲ စစ်ကောင်စီတွေကိုကြောက်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေဖြစ်ပြီး၊ ဒီအထဲမှာ အသက် ၆၀ ကျော်အရွယ်လူကြီးတွေလည်း ပါဝင်နေခဲ့တာပါ။ ယောင်္ကျားသားတွေကိုသတ်ပြီး ရွှေ၊ ငွေ ပစ္စည်းတွေလည်း အကုန်ယူသွားကြလို့၊ အားကိုးရာမဲ့ဘဝတွေနဲ့ အခက်ခဲမျိုးစုံ ကြုံတွေ့နေကြရတယ်လို့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်မရှိသေးပါဘူး။ အပြည့်အစုံကို ရုပ်သံမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။ ဘီဘီစီမြန်မာပိုင်း

Category

Show more

Comments - 203